ချစ်သူချေ.....
အိပ်မောကျနိန်ရေ
ကိုယ့် နှလုံးသာထဲကို
တံခါးမခေါက်ဘဲ
ဝင်လာရေမင်းကို
ကိုယ်နှလုံးသားထဲက ကြိုဆိုနိန်မိခရေ.......
ချစ်သူချေ......
ရွှေရောင်ကြွီရုပ် ယမင်းရုပ်သွင်
ပိတုန်းနက်မှောင် ဆံသားရောင်နန့် 
ကိုယ့်စိတ် အာရုဏ်တိကိုဖမ်းစား
မင်း၏ရုပ်သွင်က
ကိုယ်အတွက်စွဲမက်စရာ.......
ချစ်သူချေ......
စကားလှချိုသံ
ဥဒေါင်းငယ် တွန်သံအလား
နှုပ်ခမ်းဖျားက သူစကား
အသဲထဲမှာ စူးနစ်
ဝေဟင်မှာ ပဲ့တင်ထပ်နိန်အောင်
မင်းပြောတတ်တေ...........
ချစ်သူချေ.........
သြော်...မင်၏မာယာထောင်ချောက်
အသူရာ ချေက်ထဲကို
ကိုယ်......အကြိမ်ကြိမ်ကျဆင်း
ဘ၀တစ်ခုလုံးကိုထိုးအပ်
မင်း၏ ဂဝေမှော်အိမ်ထဲက
ကိုယ့်ဘ၀......
ချစ်သူချေ.....
ကိုယ့် ဘ၀တစ်ခုလုံးပဲ့ကြွီ
တစ်စစီပဲ့ကြွီနိန်ရေ ကိုယ့်နှလုံးသားတိနန့် 
ပိုးစုန်းကြူးကိုအဖေါ်ပြု
သန်းခေါင်းယံညဥ့်တိထဲမှာလျှောက်
အချစ်အာရုဏ်ဦးကိုမျော်ရင်း
အိပ်မက်ဆိုးထဲက
အခု..........
ငါ နိုးထပါလတ်ဗျာလ်.......
ချစ်သူချေ.......
လိုချင်ကေလေ့မင်း
မလိုချင်ကေလေ့မင်း
အကြောင်းမရှိအကြောင်းရှာ
ယိုးမယ်ဖွဲအပြစ်တင်
ကိုယ့်နှလုံးသားကို စုန်ကန်ပြီး
အ၀ီသို့ ထွက်လခရေချစ်သူချေ.....
မင်း.... ရွက်ကျပင်ပေါက် မဖြစ်လီပါစီကေ့.........
Sunday, November 30, 2008
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment