ပေါင်းမြက်ခြုံနွယ် ပိတ်ကာအုပ်မိုး
ရွက်ဖျင်းရွက်ငယ် ဘေးသို့ကာထွက်
ရိုးတံချေပင်စဉ်နှင့် ရုန်းထဖို့ကြိုးစားနိန်ရေ
ဂန္က၀င်လာ အို....နှင်းဆီပင်ချေ......
မြင်ကွင်းက စိတ်မကောင်းစရာ
အဓိပ္ဂါယ်မရှိ နိန့်ရက်တိကိုကုစားဖို့အတွက်
ကိုယ်ခြံထဲမှာ စိုက်ထားမိခဗျာလ်........
ပင်ပျိုရွက်နု လှညွန့်တိဝေဆာဖို့အတွက်
ပေါင်းတင် ရီလောင်း
မြေဆီလောင်းထည့်
ခါနွိမိုးဆောင်း ရာသီပြောင်းလည်း
သဘာဝဘေးဒဏ် ရာသီရန်နှင့်
ရာသီမျိုးဖျက်ပိုးတိကိုလည်း
ကာကွယ်ယင်းနန့်...........
ယင်းပိုင်နန့် တစ်နိန့်မှာ
နှင်းဆီပင်ချေက....
အနီရောင်နှင်းဆီပန်းပွင့်ချေနန့် တင့်တယ်စွာ
ရောင်ဖြာသွယ်ဆင်း နီမင်းကြီ၏ရောင်ခြည်အောက်မှာ
နှင်းဆီပန်းပွင့်ချေ..........
ကိုယ်ခြံထဲမှာ.....
ဇလပ်ခွါညို သော်ကပျိုနှင့်
ပိတောက်စံပယ် ချယ်ရီနန်းထိုက်
တော်ဝင်ပန်းမဂိုဋ် ရို့၏အလယ်မှာ
တင့်တယ်လှပစွာ
ထူးခြားရေ သူ့ ဂုဏ်အင်တိနန့်
သြော်....အနီရောင်ပန်းနှင်းဆီ........
ဂန္က၀င်လာနှင်းဆီ ရဲရဲနီလို့
သတ္ကိဂုဏ်ရောင် စံထားပေစွ
စော်ကားရန်မူ ရန်သူဟူသမျှ
စူးနှင့်ကာရံ တားဆီးလှန်သော်
ပန်းများအလယ် နှင်းဆီးငယ်မှာ
ဂုဏ်ယူမာန်နှင့် စံတင်ယင့်..........
ကိုယ့်ခြံထဲကပန်း ပန်းလှနှင်းဆီ
ရဲရဲနီကို ရွှေရင်မှာထိုးကာနှင့်
ကြယ်ပြာမိုးအောက် ညချမ်းရီဝယ်
ပေါင်းသင်းမိတ်ဆွေ ရောင်းရင်းဝယ်ကြား
ရွာလမ်းတလျှောက် ၀င့်ကြွားချင်သည်
သြော်......သို့သော်လည်း
နှင်းဆီစကား....ရွှေနားမခံချင်
ကိုယ်....အခွင့်အရေးသမားမဖြစ်လို
ပန်းချစ်တေငါ့မှာ ဥယျာဉ်မူးဘ၀ပါရာ...........
Sunday, November 30, 2008
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment