Wednesday, July 28, 2010

အုန်ချောင်းအမှတ်တရ


ု အုန်းချောင်း၏ နီဝင်ချိန်ဆည်းဆာအလှနှင့်ဆိုက်ကပ်ထားသော ၀ါးဖောင်အလှမြင်ကွင်း

အုန်းချောင်းရောက်အမှတ်တရ


သူငယ်ချင်းများနှင့်အမှတ်တရ ဓါတ်ပုံရိုက်ကြပြီး ယင်းတွင်ထမင်းချက်စားကြသည်

လေးမြို့မြစ်၊ အုန်းချောင်း ရောက်အမှတ်တရ


ကျွန်တော်၂၀၀၈ခုနှစ်က NO VOTE လှုပ်ရှားမှုနှင့်အတူ မြောက်ဦး သို့ပြန်သောအခါ လေးမြို့မြစ်အထက်ပိုင်း အုန်းချောင်း သို့ရောက်ခဲ့စဉ်တွင်ရိုက်ခဲ့ခြင်း ဖြစ်သည်။

online မိတ်ဆွေ

မင်းရို့ ငါရို့ သူရို့တိ….အားလုံး
တစ်လောင်းတည်းလားတိပါရာ
စ ကတ် ၊ နပ် ကတ်ယင်းနန့်
ပျော်ရွင်မှုလိုင်းတိကြားမှာ….
မာန်ပါခရေခါ…
ပြန်ချော့ရစွာက သံယောဇဉ်တိလား…။

ယင်းပိုင် အမြစ်တွယ် အပင်ပေါက်ယင်းနန့်..
ငါရို့တိ……မခွဲတမ်း…
တွဲလက်မြဲဖို့ သူငယ်ချင်းတိလတ်….
နီ မအား ၀ါ မရှိ မီးစိမ်းမှchat ဆိုရေ
ဆောင်ပုဒ်ကို မလိုချင်။

Online တက်တိုင်းမှာ
မင်း ….. ရှိဖို့လားလို့ကြည့်မိရေ
Online တက်တိုင်းမှာ
မင်း ….. ရှိနိန်ချင်ရေ
Online တက်တိုင်းမှာ
မင်း ……မျက်နှာချေပေါ်လာပါစီ လို့ဆုတေင်းမိရေ။

သူငယ်ချင်း အဆင့်ထက်တောခါပိုရေ၊
အာရုဏ်တိကြားထဲက မင်းကို
သံယောဇဉ်ပိုမိစွာ အမှန်ရာ
Online မှာတွိကေ
သူများနန့် chatting လုပ်နီလားလို့
အထင်၊ သံသယနန့် နိန့်တိကြားမှာ
ရှင်သန်လာရေ စိုက်ခင်းကြား……ထဲက ငါလည်းတစ်ယောက်။

ယင်းပိုင်နန့်….
တချို့က….သူငယ်ချင်းထက်ပိုရေ အချစ်နန့်
တချို့က…bro & sis လတ်
တချို့က….good frd လတ်
တချို့က….best frd လတ်
ဘုန်းကြီးကျောင်းထဲက ဟင်းခွက်ပိုင်
စုံလို့….စုံလို့…ရာမနား။
သူငယ်ချင်း….
ယကေလေ့သော့ ငါရို့တိက online တိရာမနား…
မိုင်ထောင်သောင်း ၀ီးရေ လီလိုင်းကြားက
မင်းနန့် ငါကြား….အနီးဆုံး
နှစ်ကိုယ်ကြား စကားတိနန့်
ဝီးကွာ နီဆဲရာ။

လောကမှာ…
အိမ်မက်ကို မက်ပြီးကေ
အကောင်အထည်ဖော်ချင်ကတ်တေ
လူသားကမ္ဘာထဲက ငါရို့လည်းသော့
Online ၏ ကျေးကျွန် တိပါရာ။

အဝေ သူငယ်ချင်း…
ငါရို့တိက online ဘ၀တိပါရာ
လီထဲကစကား လီထဲမှာကျန်
ခြေရာဖျောက် ကွယ်ပျောက်လားခဗျာလ်
ကမ္ဘာတစ်ဘက်ခြမ်းစီက
ငါရို့ဘ၀တိ ဇာခါနီးဖို့လဲယေ။

တွိချင်ရေ အပြင်မှာ
ကံဆုံခကေ ပ….
မျော်လင့်ဆဲ မျော်လင့်မြဲ
ဇာလောက်ဝီးဝီး မခွဲတမ်းနန်း
ယကေလေ့သော့ သူငယ်ချင်း…
မတွိဖြစ်ခကေ၀ါ……
ဖွင့်ပြောဖို့ စကားလုံချေတိနန့်
တွိချင်ရေမင်းမျက်နှာချေ….
အရာရာအားလုံကို
ထာဝရ သိမ်းထားလိုက်ပါဝေ…..
ဇာကြောင့်လည်းဆိုကေ
ငါရို့စွာ online ဘ၀တိဖြစ်လို့ရာ။

အသက်ဆက်ခွင့်

ကြယ်တာယာတိ စုရုံးဗျလ်
ဆင်ယင်ခင်းကျင်း
ရောင်စုံကြယ်စုတန်းတိနန့်
ကောင်းကင်ကို ရောင်စုံခြယ်သ
မဟူရာညဥ့်အမှောင်ကိုဖြိုခွင်း
ရာဇ၀င်တင်မည့် နက္ခတ်သဘင်လတ်.....။

မြက်ခင်းစိမ်းတိနန့် လီပြီညှင်းတိ
တေးဆိုငှက်ချေတိက
ယိန်းနွဲဟန် မြက်ပင်ထက်က
တေးခြင်းတိဆိုဗျလ် လီချိုသွီး
အော်....နိန့်တစ်နိန်၏ အင်အားလတ်....။

အာရုဏ်တိကိုဖမ်စား..
မြင်ကွင်းထဲက မပျောက်နိုင်
ရင်ခွင်မှာတစ်ဒိုင်းဒိုင်နန့်...
အိပ်မက်ထဲမှာ စိုးမိုး
ပိုင်ရှင်အမှန်လက်ထဲကငါ့ဘဝ
ပီးဆပ်ချင်ရေ တစ်ဘ၀လုံးအတွက်
ကြိုးစားယင်းနန့်....
သီလုမျောပါးလူတစ်ယောက်ကို
အသက်ကယ်ဆီး ထိုးပီးလိုက်ဗျာလ်...
နောက်ဆုံးမှာ စကားတစ်လုံးက
ချစ်.....ချစ်တေ...လတ်
အော်...ဘ၀၏အစလား....။

Tuesday, April 13, 2010

my show

 

Kyaw Wong Copyright © 2009 Cookiez is Designed by Ipietoon for Free Blogger Template